လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၅)ကို (၂၅--၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ကျိုင်းတုံမြို့နယ်၊ယန်းခအုပ်စု၊ ခြေလှမ်းသစ်ဂေဟာ၌  သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက မူးယစ်ဆေးဝါးပြဿနာသည် ဒီကနေ့ကမ္ဘာမှာ အဆိုးဝါးဆုံးရင်ဆိုင်နေရပြီး တစ်နေ့ တစ်ခြား ကြီးထွားလာသည့် ပြဿနာတစ်ခုအနေဖြင့် တစ်ကမ္ဘာလုံးနည်းမျိုးစုံ ရင်ဆိုင်ဖြေရှင်း နေရပါကြောင်း၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု အကျင့်ပျက် ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန် အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နည်းလမ်း အမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွေမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြား ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းသားများ၊ စုစုပေါင်း ၅၀ဦး တက်ရောက်ခဲ့ပြီး နံနက် (၁၁:၀၀)အချိန်ခန့်တွင်  သင်တန်းဖွင့်ပွဲအခမ်းအနားပြီးမြောက်ခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR