လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတွေကျေးရွာ အုပ်စု၊ သရက်ချိုကျေးရွာ၌ (၂၈--၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံး ခဲ့သည့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ  လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၄,၇၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၂)အိမ်ထောင်စာ၊ အဝတ် Mask (၁၄)ခုတို့အားလည်းကောင်း  (၁၀--၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်    အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုမှ  လူဦးရေ (၄)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈,၄၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၁)အိမ်ထောင်စာ၊ အဝတ် Mask (၈)ခုနှင့် ပင်းဇင်း ကျေးရွာအုပ်စု၊ ရွာတော်ကုန်းကျေးရွာ၌ (၃၀-၄-၂၀၂၂)ရက်နေ့တွင် မိုးရွာသွန်းပြီး မိုးကြိုးစက်ကွင်းမိမှု ကြောင့် ဒဏ်ရာရရှိခဲ့သည့် လူနာ (၁)ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၇၃,၁၀ဝ/-) (ကျပ်ငါးသိန်းခုနှစ်သောင်းသုံးထောင်တစ်ရာတိတိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ (၃)အိမ်ထောင်စာ၊ အဝတ် Mask (၂၂) ခုတို့အား (၂၉--၂၀၂၂)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR