ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေး ထိန်းဌာနများဖွင့်လှစ်နိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်၆လမှ၃နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို ၄-၁၂-၂၀၂၅ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများတက်ရောက်ခဲ့ပါသည်။  

ပထမဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းသည် သင်တန်းကာလ ၁လဖြစ်သော်လည်းသင်တန်းမှပို့ချချက်များသည် နေ့ကလေးထိန်းဌာနတစ်ခု ဖွင့်လှစ်နိုင်ရန်လိုအပ်ချက်များကိုအထောက်အပံ့ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင်ကလေးသူငယ်များအတွက်နိုင်ငံတော်၏မူဝါဒပိုင်းဆိုင်ရာများ၊အထူးအခြေအနေရှိသည့်ကလေးများအကြောင်း၊နေ့ကလေးထိန်းအရွယ်ကလေးများအတွက်ကျန်းမာရေးနှင့် အာဟာရပံ့ပိုးပေးမှုကဏ္ဍ၊ကလေးများဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာသဘောတရား၊ဘက်စုံဖွံ့ဖြိုးမှုအထောက်အပံ့ဖြစ်စေမည့်အပြုသဘောဆောင်သည့်ပြုစုစောင့်ရှောက်မှုအရေးကြီးပုံနှင့်နေ့ကလေးထိန်းကျောင်းတစ်ကျောင်း၏ လိုအပ်ချက်နှင့်သင်ခန်းစာပြင်ဆင်မှုများကိုစာတွေ့/လက်တွေ့သင်ကြားပေးခဲ့ပါကြောင်း၊သင်တန်းတက်ရောက်ပြီးသူများသည်သင်ယူခဲ့ရသည့်ပို့ချချက်များအပေါ်လက်တွေ့အသုံးချသွားရန်၊ ကလေးပြုစုစောင့်ရှောက်ရေးဆိုင်ရာ အခြေခံသဘောတရားများအပေါ်ဆက်လက်လေ့လာသွားရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနများရှိဝန်ထမ်းများ၏သား/သမီးငယ်များကိုစနစ်တကျပြုစုစောင့်ရှောက်မှုပေးပြီးကာယ၊ဉာဏ၊စာရိတ္တ၊ပေါင်းသင်းဆက်ဆံရေး၊စိတ်ခံစားမှုစသည့်ဖွံ့ဖြိုးမှုရရှိစေအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊နေ့ကလေးထိန်းဌာနများအားဝန်ကြီးဌာနများတွင်တိုးချဲ့ဖွင့်လှစ်နိုင်ခြင်းဖြင့် ရုံးဝန်ထမ်း မိသားစုများအနေဖြင့် များစွာအထောက်အပံ့ဖြစ်စေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက်သင်တန်းသူများအားသင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသူများ(ကိုယ်စား) သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး၊ သင်တန်းသူများက ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာပေးသီချင်း၊ ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများကိုယ်တိုင်ပြုလုပ်ထားသည့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာသင်ထောက်ကူလက်မှုပစ္စည်းများပြုလုပ်ထားမှုအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အဆိုပါသင်တန်းအား၅-၁၁-၂၀၂၅ရက်နေ့မှ၂-၁၂-၂၀၂၅ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာန၂၀ခုက သင်တန်းသူစုစုပေါင်း ၃၆ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR