လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၃-၃-၂၀၂၄) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်ခန့်၌ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ကျုံမရေကျေးရွာတွင် ဦးထွန်းလင်း (ခ) ဦးဘိုထွန်း  (ဘ) ဦးဘအောင်၏ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ မြေစိုက်နေအိမ်တွင် မီးကြွင်းမီးကျန်မှ  မီးစတင်လောင်ကျွမ်းခဲ့ရာ  ဦးမြင့်စန်း၊ (ခ) ဦးကုလား(ဘ)ဦးသောင်းပိုင်ဆိုင်သော သွပ်မိုး၊ထရံကာ၊ကြမ်းခင်း၊မြေစိုက်နေအိမ်အားထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ  စုစုပေါင်းနေအိမ်(၂)လုံး(လုံးဝပျက်စီး)၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ပစ္စည်း တန်ဖိုး (၁၄၉၈၄၈/-)တို့အား (၂၈-၃-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၂း၃၀) နာရီအချိန်တွင် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

Source:  DDM


နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR