လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းသည်သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှလူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ထုံးဘိုရပ်ကွက်၊ သစ်ကနက်ဘုရားဝင်းအတွင်းရှိ ရေဘေးရှောင်စခန်းသို့ သွားရောက်၍ ထုံးဘိုရပ်ကွက်နှင့် တကောင်း ရပ်ကွက်အတွင်းရှိရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲအန္တရာယ်များမဖြစ်စေရေး၊ နေ့စဉ်လူနေမှုဘဝတွင် အမှိုက်သရိုက်မှအစပြု၍ ကျေးရွာများ၊ ရပ်ကွက်များရေစီးရေလာကောင်းမွန်ပြီး ရေကြီးရေလျှံမှု မဖြစ်စေရေး တို့ကိုတစ်ဦး တစ်ယောက်ခြင်းစီမှစ၍ လိုက်နာနေထိုင်ရေး၊ ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊  မိမိတို့၏ ကလေးငယ်များကို ပညာတတ်မြောက်စေ ရေး အလေးထားဆောင်ရွက်ရန်  တို့ကို ပြောကြားပြီး လိုအပ်ချက်များမေးမြန်းကာ အိမ်ထောင်စု ၅၀ စုမှ လူဦးရေ ၂၀၄ ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူး၊ ရေဘေးသင့်ပြည်သူများအနက်မှကိုယ်ဝန်ဆောင်မိခင်များ၊ ၅ နှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့် အထက်သက်ကြီး ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေတို့ကို ပေးအပ်ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့သည် စစ်ကိုင်းမြို့၊ သောတာပန်ရပ် ကွက်၊ လေးကျွန်းမာရ်အောင်ဘုရားဝင်းအတွင်းရှိစုရပ်နေရာသို့ သွားရောက်ကာ ‌တောတာပန်ရပ် ကွက် နှင့် စိန်ကုန်းရပ်ကွက်အတွင်းရှိရေဘေးသင့်ပြည်သူအိမ်ထောင်စု ၃၆စု  စု၊ လူဦးရေ ၁၅၀ ဦး အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူး၊ ရေဘေးသင့်ပြည်သူများအနက်မှ ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၇၀ နှင့် အထက်သက်ကြီး ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ တို့ကို ထောက်ပံ့ပေးအပ်ပါသည်။

          ဆက်လက်၍ ဧမြဝတီရပ်ကွက် ရှစ်မျက်နှာဘုရားဝင်းအတွင်းရှိ ရေဘေးရှောင်စုရပ်သို့ သွားရောက်ကာ ရေဘေးသင့်အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၆၅၀ ဦးအတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူး၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များ၊၅ နှစ်အောက်ကလေး များ၊ အသက် ၇၀ နှင့် အထက်သက်ကြီး ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေ တို့ကို ထောက်ပံ့ပေးအပ်ပါသည်။

          ထောက်ပံ့မှု စုစုပေါင်းမှာ စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ၉ ခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂စု၊ လူဦးရေ ၁၅၆၉ ဦးအတွက် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူး ၊ ထိခိုက်လွယ်အုပ်စုများအတွက် ‌ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဆောက်လုပ်မည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် မြေနေရာသို့ သွားရောက်ကာ ရုံးဆောက်လုပ်ရန် တိုင်းတာဆောင်ရွက်နေမှုအခြေအနေများကြည့်ရှုစစ်ဆေးပြီးနောက် စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းသို့ ဆက်လက်သွားရောက်၍ အမြင်အာရုံချို့တဲ့သူများနှင့် ကလေးငယ်များ အတန်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာ များ သင်ကြားပေးနေမှု၊ သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်၊ အသက်မွေးဝမ်းကျောင်းသင်တန်း ဆောင်များသို့ သွားရောက်ကာ လိုအပ်သည်များနှင့် ဖြည့်ဆည်းပေးရန်များကို မေးမြန်းဆောင်ရွက် ပေးခဲ့ပါသည်။ ယင်းနောက် စစ်ကိုင်းမြို့ အသင်္ခရာရိပ်သာ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ နှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြား၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR