ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် လူခွင်းမြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေးစာချုပ် (APMBC) ၏ ၂၀၂၂ ခုနှစ်၊ Intersessional Meeting သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

     အစည်းအဝေး၌ APMBC တွင် ပါဝင်သည့် မိုင်းထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ခြင်း၊ Oslo Action Plan အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Making Every Effort Count: Towards a Successful 2025 ၊ Fostering Cooperation for Rehabilitation တို့ကို ဆွေးနွေးခြင်း၊ မိုင်းရှင်းလင်းရေးအပါအဝင် APMBC အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများစသည်တို့ကို  တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။

ဦးအောင်ကျော်မိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းစဉ် (၅) ရပ်အနက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းနှင့် မိုင်းထိခိုက်ဒဏ်ရာရသူများ ကူညီထောက်ပံ့ခြင်းစသည့် လုပ်ငန်းစဉ် (၃) ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ကို နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် ဖွဲ့စည်း၍ ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ (၁) ဦးလျှင် ငွေကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ (၆၉၄) ဦးအတွက် စုစုပေါင်းငွေကျပ် (၁,၃၈၈) သိန်းအား ထောက်ပံ့ပြီးဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်း ရေးဗဟိုဌာန (ARMAC) တို့ပူးပေါင်း၍ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ ကူညီထောက်ပံ့ရေး ကွန်ရက်တည်ထောင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) အရ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် Anti-Personal Mine Ban Convention ကို အကောင်အထည်ဖော်ရာတွင် လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ရှုထောင့်အမြင်တို့ကို သိရှိနိုင်ခြင်း၊ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်လျက်ရှိသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ် များနှင့် မိုင်းထိပြည်သူများအား ကူညီထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို လေ့လာသိရှိနိုင် ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR