ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့်ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ပြည်ထောင်စုဝန်ကြီး၊ဦးကိုကိုလှိုင်တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ယခုမိုးရာသီကာလအတွင်းတိုင်ဖွန်းရာဂီနှင့်အနောက်တောင်မုတ်သုံလေအားကောင်းခြင်းတို့၏သက်ရောက်မှုများကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးဒေသအချို့၌ရေကြီးရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းအစရှိသည့်သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ပါကြောင်း၊သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများမှနောင်တွင်လျော့ပါးသက်သာစေရေးနှင့်သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ထိရောက်သည့်ကြိုတင်ပြင်ဆင်နိုင်မှုများဆောင်ရွက်စေနိုင်ရေးအတွက်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကဆုံးဖြတ်ခဲ့သည့်သဘာဝဘေးကြောင့်ထိခိုက်မှုများနှင့်ပတ်သက်၍Damage Assessment များဆောင်ရွက်ကာဒေသအလိုက်ဖြစ်လာနိုင်ခြေရှိသည့်သဘာဝဘေးများကိုဖော်ထုတ်နိုင်ရေးအတွက်Risk Map နှင့် Hazard Map များရေးဆွဲပြုစုခြင်းကိုဆောင်ရွက်နိုင်ရန်ညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊ Hazard Mapping ဆောင်ရွက်နိုင်စေရေးလိုအပ်ချက်များဖော်ထုတ်ကြရန်လိုအပ်ပါကြောင်း၊သက်ဆိုင်ရာဌာနများကလည်းဌာနအလိုက်ရှိပြီးဖြစ်သည့်အချက်အလက်များကိုအသုံးပြု၍ Hazard Mapများရေးဆွဲနိုင်ရေးပံ့ပိုးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ယခင်ကတည်းကဒေသအလိုက်အချို့သောHazard Map များရှိပြီးဖြစ်သော်လည်းယခုရာဂီကဲ့သို့ထူးခြားဖြစ်စဉ်မျိုးကိုပါထည့်သွင်းစဉ်းစားရန်လိုအပ်လာပါကြောင်း၊AI , GIS နှင့် Remote Sensing ကဲ့သို့ခေတ်မီနည်းပညာများအသုံးပြုပြီး Hazard Mapနှင့်Risk Map များဘေးဖြစ်နိုင်ခြေအလိုက်ဆောင်ရွက်ကြရန်ဖော်ထုတ်ရမှာဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာရှုထောင့်အလိုက်အကြံပြုဆွေးနွေးကြရန်အဖြေရှာကြရန်လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ဝင်ဒေါက်တာရင်ရင်နွယ်က Hazard Mapping ဆောင်ရွက်နိုင်ရန် GIS ကျွမ်းကျင်သူ၊လုပ်ငန်းနယ်ပယ်အလိုက်ကျွမ်းကျင်သူများလိုအပ်မည်ဖြစ်ပါကြောင်း၊နည်းပညာပိုင်းဆိုင်ရာ Mapping ဆောင်ရွက်ရာတွင်ဘေးအန္တရာယ်အမျိုးအစားအလိုက်လိုအပ်မည့် Data များလည်းကွာခြားမည်ဖြစ်ပါကြောင်း၊ Table များဖြင့်ပြုစုထားသည့် Data များအပြင်Presentation ပြုလုပ်နိုင်မည့်Data များအဖြစ် Geospatial Data များလည်းလိုအပ်မည်ဖြစ်ပါကြောင်း၊အဓိကအားဖြင့် Map နှင့်Data များပေါင်းစပ်ဖော်ပြနိုင်ရေးကြိုးပမ်းကြစေလိုပါကြောင်း၊လိုအပ်သည့်နည်းပညာဆိုင်ရာအကူအညီများရရှိနိုင်ရေးအတွက်ကူညီပေးသွားမည်ဖြစ်ပါကြောင်းတို့ကိုဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍အစည်းအဝေးတက်ရောက်လာသူများကဘာသာရပ်အလိုက်၊လုပ်ငန်းအလိုက်Risk Map နှင့် Hazard Map ရေးဆွဲရာတွင်ဌာနများအလိုက်ရှိပြီးဖြစ်သည့်အချက်အလက်များ၊နည်းပညာပိုင်းဆိုင်ရာလိုအပ်မှုများ၊ ရရှိနိုင်မည့်အရင်းအမြစ်များနှင့်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး၊ဦးကိုကိုလှိုင်ကဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်စွက်ဆွေးနွေးအကြံပြုခဲ့ပါသည်။

အစည်းအဝေးသို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်မြေပုံရေးဆွဲနိုင်ရေးနည်းပညာပိုင်းဆိုင်ရာဆက်စပ်ဝန်ကြီးဌာနများမှဌာနဆိုင်ရာတာဝန်ရှိသူများ၊ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးဒေါက်တာရင်ရင်နွယ်ကဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ပါဝင်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR