လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတန်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြုအားကစားအသင်းများ၏ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးရုံအတွင်းလေ့ကျင့်နေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည်ဝန်ကြီးဌာနကိုယ်စားပြုပိုက်ကျော်ခြင်းအသင်း၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အသင်း၊ ဖူဆယ်အသင်းနှင့် ဘောလုံးအသင်းတို့၏ လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးရာအသင်းအုပ်ချုပ်သူနှင့်နည်းပြများကပြိုင်ပွဲဝင်အားကစားသမားများစုဖွဲ့လေ့ကျင့်နေမှုအခြေအနေ၊ အုပ်ချုပ်ထောက်ပံ့ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအားပေးစကားပြောကြားရာတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ဝန်ကြီးဌာနကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အားကစားသမားများအနေဖြင့်ရိုးရိုးသားသားကြိုးကြိုးစားစားအားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကောင်းမွန်မှုရှိစေရေးစနစ်တကျနေထိုင်စားသောက်ရန်၊ယခင်နှစ်ကရရှိထားပြီးသည့်အောင်မြင်မှုအားဆက်လက်ထိန်းထားနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်၊ဝန်ကြီးဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးအကောင်းဆုံးကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီးအားကစားသမားများအတွက်အင်အားဖြည့် အစားအစာဖိုးချီးမြှင့်ငွေပေးအပ်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား)၊ပြေးခုန်ပစ်အားကစားနည်း(၅)မျိုးကိုအုပ်ချုပ်သူ၊နည်းပြ၊အားကစားသမားစုစုပေါင်း(၉၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR