Leadership, Communication Skills, and Project Cycle Management မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကိုယနေ့၊နံနက် (၁၀:၀၀) နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားတွင်ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာအဖွဲ့ အစည်း၏ လုပ်ငန်းတာဝန်များပြည့်မီစေရန် လိုအပ်သော ကျွမ်းကျင်မှုတို့ကိုအလုပ်ခွင်တွင် လည်းကောင်း၊ သင်ခန်းစာများလေ့လာသင်ယူခြင်းဖြင့်လည်းကောင်းတတ်မြောက်နိုင် ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ ခံယူချက်(Attitude)၊ ကျွမ်းကျင်မှု(Skill)၊ အသိအမြင် ဗဟုသုတ(Knowledge)တို့သည် အရေးကြီးကြောင်း၊ မိမိလုပ်ငန်းတာဝန်တို့ကိုစိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဉပေက္ခာဗြဟ္မာစိုရ်တရား(၄)ပါးနှင့်အညီမိမိ၏အထက်၊ အောက်အဆင့်ဝန်ထမ်းတို့ကိုပြောဆိုဆက်ဆံရန် အရေးကြီးကြောင်း၊ လူမှုဝန်ထမ်းသမားတို့၏ စိတ်ထားမျိုးထားရှိရန်လည်းလိုအပ်ပါကြောင်း၊ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာသဘောတရားနားလည်ခြင်း၊ ခြုံသုံသုံးသပ်နိုင်စွမ်းရှိခြင်း၊ ကြိုးစားအားထုတ်မှုနှင့် လေ့လာသင်ယူနိုင်မှုစသည့် Conceptual Skillကွန်ပျူတာ၊အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစကားကျွမ်းကျင်ပိုင်နိုင်ခြင်းစသည့် Technical Skill၊ မိမိ၏ လုပ်ဖော်ကိုင်ဖက်အပေါ် နားလည်ခြင်း၊ မိမိအလုပ်ကိုလေးစားတန်ဖိုးထားခြင်း၊ အထက်အောက် အပြန်အလှန် လေးစားခြင်း၊ ဖေးမကူညီခြင်းစသည့် Human Skill တို့ရှိရန် အရေးကြီးကြောင်း၊ အသိပညာဗဟုသုတသည် အလွန်ကျယ်ပြန့်ပြီးသဘာဝသယံဇာတအရင်းအမြစ်မရှိသည့် ဖွံ့ဖြိုးသောနိုင်ငံတို့တွင် အသိပညာအခြေပြုစီးပွားရေးကို (Knowledge Based Economy) တည်ဆောက်ကြကြောင်း၊ လူတစ်ဦး၊ တစ်ယောက်ချင်း၏ အသုံးဝင်မှုကိုအသုံးပြုပြီးနိုင်ငံတော်ကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဆက်စပ်ပညာရပ်တို့ကိုလိုလိုလားလားဖြင့် သင်ယူဆည်းပူးရမည်ဖြစ်ပါကြောင်း၊ လေ့လာသင်ယူသိရှိရသည့် ပညာရပ်တို့ကိုလည်းဆင့်ပွားလေ့လာရမည်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်မှုတွင် မိမိအကျိုးစီးပွား (Self-Centered) ကိုဦးတည်ဆောင်ရွက်တာမျိုးကိုရှောင်ရှားရန်လိုအပ်ကြောင်း၊ မိမိအဖွဲ့အစည်း၏ အကျိုးစီးပွား၊ ဖွံ့ဖြိုးတိုးတက်မှုကိုအဓိကထားကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ယနေ့ဖွင့်လှစ်သည့် Leadership ၊ Communication Skills နှင့် Project Cycle Management မွမ်းမံသင်တန်းကိုဆရာဖြစ်သင်တန်းတက်ရာက်ပြီးသည့် အရာထမ်း၊အမှုထမ်းတို့အတွက် (၂) ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR