လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ၀၂၆- ၂၀၂၇ ဘဏ္ဍာ​ရေးနှစ်၊ ရက်(၁၀၀)စီမံချက်အ​နေဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင်ဖွင့်လှစ်ထားရှိသည့် KGနှင့် Grade-1 ​ရှေးဦးအရွယ်က​လေး သူငယ်ပြုစုပျိုး​ထောင်​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာ(ဆင့်ပွား)သင်တန်း၌ ဆရာ(၂၀)ဦး၊ ဆရာမ(၂၇၅)ဦး၊စုစုပေါင်း (၂၉၅)ဦးတို့အား(၁၈.၅.၂၀၂၆)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွှန်ကြား​ရေးမှူး​၊ဒေါ်ဆင့်မှ မြန်မာ့​ရှေးဦးအရွယ်က​လေးသူငယ်ပြုစုပျိုး​ထောင်​ရေးဆိုင်ရာမူဝါဒ၊ က​လေးသူငယ်ကာကွယ်​စောင့်​ရှောက်ခြင်း၊ က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ဥပ​ဒေအ​ကြောင်းအရာများ ​ဟော​ပြော​ဆွေး​နွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင်​မောင်သက်မှ ပြစ်မှုဆိုင်ရာဥပ​ဒေနှင့် ပတ်သက်၍ အသိပညာ​ပေးခြင်းများနှင့်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး​၊ ဒေါ်​နော်ရူဘီစိုးနှင့်တာဝန်ရှိသူများမှ သဘာဝ​ဘေးအန္တရာယ်နှင့်ပတ်သက်၍​အသိပညာ​ပေး​ဟော​ပြော​ဆွေး​နွေးခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ လက်ကမ်းစာ​စောင်​ဝေဌခြင်းများဆောင်ရွက်ခဲ့ပါသည်။

Source:DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR