လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၁၇-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ        ပေါက်ကုန်းရပ်ကွက် ဟာဂျီမောင်ကျော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်‌ထောင်စု(၃၀)စု၊ လူဦးရေ(၉၀)ဦးအားလည်းကောင်း၊ ရွှေမင်္ဂလာဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၅)ဦးအားလည်းကောင်း၊ တောတိုက်ရပ်ကွက်၊ တောတိုက်ဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၃၀)၊ လူဦးရေ(၁၀၀)ဦးအားလည်းကောင်း၊ သင်္ကန်းကျွန်ကြီးကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ဇရသ်ဆိုက်ယက်ဒ်ကာဒရီဂျာကာလီကျောင်းတော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၆၁၀)ဦးအားလည်းကောင်း၊ စုစု‌ပေါင်းအိမ်‌ထောင်စု(၁၈၅)စု၊ လူဦးရေ(၈၇၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းထောက်ပံ့‌ငွေ(၁၈၃၇၅၀ဝိ/-)အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR