လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၇-၂၀၂၄) ရက်နေ့၊  နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်း‌ကျေးရွာ၊ သနပ်ပင်စု‌ကျေးရွာ၊ နိဗ္ဗာန်ကျွန်း‌ကျေးရွာနှင့် ထုံးမကြီး‌ကျေးရွာတို့၌ ရေဘေး မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR