လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ​ချောင်း၀​ကျေးရွာအုပ်စု၊ ​ချောင်း၀​ကျေးရွာ၊ သရက်​တောပိုင်းရပ်ကွက်၌ (၈-၈-၂၀၂၂)ရက်​နေ့တွင် ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် အုန်းပင်ပြိုလဲ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော ​​နေအိမ် (၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ (၅၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇) ရက်စာ (၁၂,၆၀ဝ/-)၊ စုစုပေါင်း​ထောက်ပံ့​ငွေ (၆၂,၆၀ဝ/-) ကျပ်နှင့် ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ​ဖောင်ဒိုး​ကျေးရွာအုပ်စု၊ ​ရေသိုး​ကျေးရွာ၌ (၉-၈-၂၀၂၂) ရက်​နေ့၌ ​တောဆင်ရိုင်း​ဘေး​ကြောင့် ပျက်စီးခဲ့​သော တစ်စိတ်တစ်ပိုင်းပျက်စီး​နေအိမ် (၃)လုံးအတွက် အိမ်​ဆောက် ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၇၀,၀၀၀/-)၊ ​ဘေးသင့်လူဦး​ရေ (၁၁)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၇)ရက်စာ (၂၃,၁၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၉၃,၁၀ဝ/-) ကျပ်တို့အား (၁၀-၈-၂၀၂၂)ရက်​နေ့ (၁၁း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ​ရှေ့​မှောက်၌ ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR