လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်ICRC ရုံး၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMs. Elena AjmoneSessera ကမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ်တာဝန်ထမ်းဆောင်မည့် Mr. Arnaud de Baecqueနှင့်မိတ်ဆက်ပေးပြီးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊မိုင်းအန္တရာယ်အသိပညာပေးရေး၊ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ခံရသူများအားပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ICRC မှ ဆောင်ရွက်နေသည့် မိုင်းအန္တရာယ်ကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအားခြေတု၊ လက်တုတပ်ဆင်ရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ICRC တို့ကြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့်ICRCရုံးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR