လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရုံး၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်ICRC ရုံး၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMs. Elena AjmoneSessera ကမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်အဖြစ်တာဝန်ထမ်းဆောင်မည့် Mr. Arnaud de Baecqueနှင့်မိတ်ဆက်ပေးပြီးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုအကူအညီပေးရေး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး၊မိုင်းအန္တရာယ်အသိပညာပေးရေး၊ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ခံရသူများအားပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ICRC မှ ဆောင်ရွက်နေသည့် မိုင်းအန္တရာယ်ကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအားခြေတု၊ လက်တုတပ်ဆင်ရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနနှင့် ICRC တို့ကြားပူးပေါင်းဆောင်ရွက်ရေးကိစ္စများအားရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့်ICRCရုံးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR