လူငယ်ရေးရာမူဝါဒနှင့် ဆက်စပ်လုပ်ငန်းစဉ်များအား အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် (၁၅၁/၂၀၂၁) ဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့လူငယ်များကို စနစ်တကျပြုစု ပျိုးထောင်ပေးနိုင်ရန်မျှော်မှန်း၍ သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်တာကြောင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို၍ ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့် ယုံကြည်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ထုဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ် ရေးရာ မူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို ရေးဆွဲအတည်ပြုခဲ့ပြီး အာဆီယံအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်း၍ လူငယ် ဆိုင်ရာလုပ်ငန်းများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစတဲ့ ထိခိုက်လွယ်သောအုပ်စုများကို  Life Cycle Approach ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဝန်ဆောင် မှုပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာမှာ လူငယ်ကဏ္ဍအနေဖြင့်  ပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးသူငယ်များနှင့် အကျင့်စာရိတ္တပြုပြင်ပေးရန် လိုအပ်သော ကလေးသူငယ် များ၊ လူငယ်များအတွက်   ကလေးပြုစုရေးဌာနများ၊ လူငယ်သင်တန်းကျောင်းများဖွင့်လှစ်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု လူငယ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းတည် ထောင်ပေးခြင်းအတွက် ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ က လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိကမောင်းနှင်မည့် အခြေခံအုတ် မြစ်များဖြစ်တာကြောင့် လူငယ်ထု၏ စိတ်ဓာတ်နှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး အတွက် လူငယ်မျိုးဆက်သစ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးရန် လိုအပ်လျက်ရှိပါ ကြောင်း၊  ယနေ့ လူငယ်အများစုသည် နည်းပညာ၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မူးယစ်ဆေးဝါးစသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရင်ဆိုင်နေရခြင်းကြောင့် စိတ်ဓာတ်၊ စည်းကမ်း၊ အရည်​အသွေး ပြည့်ဝသည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်ပေါ်လာစေရေးနှင့် လူငယ်​ဖွံ့ဖြိုးရေး ကဏ္ဍတွေဟာ Cross Cutting Issue ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများ၊ ဦးစီးဌာနများနှင့် လူငယ်များ ပါဝင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ် ပါကြောင်း၊ လူငယ်ထု၏ တန်ဖိုးများ၊ စံနှုန်းများပြည့်ဝစွာဖြင့် တစ်ဦးတစ်ယောက်ချင်းမှသည် မိသားစု၊ ရပ်ရွာနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို မြှင့်တင်ဆောင်ရွက်ပေးနိုင်သော၊ အနာဂတ် မျိုးဆက်သစ်များကို လက်တွဲခေါ်ဆောင်၍ နိုင်ငံတော်တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)နှင့် ကလေး/လူငယ်ဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူးတို့က လူငယ်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းရပ်များ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယနေ့လွှဲပြောင်းပေးအပ်တဲ့ လူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) အပါအဝင် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်တဲ့နေရာမှာလည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကိုလည်း ဆက်လက်၍ ဝိုင်းဝန်းပံ့ပိုးကူညီသွားမှာဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒပါ အထူးအလေး ပေးရမည့် လူငယ်များဆိုင်ရာကဏ္ဍအတွက်လည်း ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းလည်း ပြောကြားဆွေးနွေးခဲ့ပါသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံက လုပ်ငန်းများဆောင်ရွက်ရာတွင် ကဏ္ဍစုံ၊ အလွှာစုံက လူငယ်များပါဝင်နိုင်ဖို့ ဦးစားပေးဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝ၍ စွမ်းရည်ထက်မြက်သော လူငယ်များဖြစ်ရုံ သာမက နိုင်ငံကိုချစ်မြတ်နိုးသော မျိုးချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် အတွက် အသိပညာ၊ အတတ်ပညာများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုးပေးသွားမှာ ဖြစ်ပါကြောင်း၊ လူငယ်များရဲ့ လေ့လာအားထုတ်မှုများ၊ အကြားအမြင်ဗဟုသုတ ကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှု၊ အများအကျိုးသယ်ပိုးလိုမှု၊ တက်ကြွလှုပ်ရှား မှုများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်တာကြောင့်  အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့ အစည်းကြီး ဖွံ့ဖြိုးသာယာစေရေးအတွက် ရည်ရွယ်၍  လူငယ်များရဲ့ စွမ်းပကားကို ပိုမို၍ မြှင့်တင်ဆောင်ရွက်ပေးသွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြား၍ အခမ်းအနားကို နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ အကွက်အမှတ်(၂၂၆၄)၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR