၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စတုတ္ထ ( ၃ ) လပတ်အတွင်း ၁၉. ၁. ၂၀၂၆ ရက်မှ ၂၃. ၁. ၂၀၂၆ ရက်ထိ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသက်လှိုင်ထွန်း၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် ကလေးပြုစုရေးဌာန၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ စုစည်းရရှိနိုင်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ် ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရန်နှင့် ရပ်ရွာအတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များ၏ လူမှုရေးရာဖြစ်ရပ်များကို ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ “လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေး’’ သင်တန်းအား တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီတို့မှ သင်တန်း ( ၁၀ ) ဦး၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲမှ သင်တန်းသား ( ၁၀ ) ဦး၊ လူမှုရေးလုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ပရဟိတလူမှုကူညီ‌ရေးအသင်းမှ သင်တန်းသား ( ၃ ) ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတဂေဟာ/  ဘိုးဘွားရိပ်သာများမှ သင်တန်းသား (၇) ဦး၊ စုစုပေါင်းသင်တန်းသား ( ၃၀ ) ဦးဖြင့် ( ၅ ) ရက်တာသင်တန်းအား ဖွင့်လှစ်ပို့ချနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR