ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဘားအံမြို့နယ်မူးယစ်တပ်ဖွဲ့ တပ်ဖွဲ့စုမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးစသည့် ဖိတ်ကြားထားသူ(၂၈)ဦးနှင့် သင်တန်းသား/သင်တန်းသူ(၂၀)ဦး၊ စုစုပေါင်းအင်အား (၄၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၈.၁၂.၂၀၂၅ ရက်မှ ၁၂.၁၂.၂၀၂၅ ရက်ထိ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


အခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)မှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တကွ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR