၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်တွင် ကျင်းပပြုလုပ်သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု” အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ ၅.၁၂.၂၀၂၄ရက် နံနက် ၀၉:၀၀ နာရီတွင် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက/ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီ၊ လေးကျွန်းသူဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဇနီးများ၊ ဖျော်ဖြေရေးအဖွဲ့များ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊   “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု” အထိမ်းအမှတ် Video Clip ပြသခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ)၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)နှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)ရှိ ကျောင်းသူများမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြ ပါသည်။ 

ဆက်လက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ငွေကျပ် ၃၀၀,၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ငွေကျပ် ၂၀၀,၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ငွေကျပ် ၂၀၀၀၀၀/-၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှ ငွေကျပ် ၁၀,၀၀,၀၀၀/-၊ လေးကျွန်းသူဖောင်ဒေးရှင်းမှ ငွေကျပ် ၁၀၀၀,၀၀၀/- နှင့် AFXB အဖွဲ့တို့မှ ငွေကျပ် ၃၀၀,၀၀၀/- နှင့် T-shirt အထည် (၇၀)အား လှူဒါန်းပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက/ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 




နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR