၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းအတွင်း  အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ၁၆.၁၀.၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး  ဒေါက်တာအောင်ဖြိုး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) မှ အယ်လ်နီညိုဖြစ်စဉ် အကြောင်း၊ အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံအပေါ်တွင် သက်ရောက်လာမည့်အကျိုးစက်များ၊ အပူဒဏ်ကြောင့်ဖြစ်လာနိုင်သော ကျန်းမာရေးပြဿနာများနှင့် အရေးပေါ်လက္ခဏာများကို ခွဲခြား သိရှိရန်၊ အလုပ်ခွင်၊ အိမ်နှင့်ရပ်ရွာတွင် လက်တွေ့ကာကွယ်ရေးနည်းလမ်းများကို   အသုံးပြုနိုင်ရန်၊ ဌာနပေါင်းစုံ ပူးပေါင်း၍   အပူဒဏ်အန္တရာယ်လျှော့ချရေးများကို ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနငယ်/သင်တန်းကျောင်းများမှ တာဝန်ခံကျောင်းအုပ်များ၊ မူလတန်းကြိုကျောင်း များမှ ကျောင်းအုပ်များ၊ မော်လမြိုင်မြို့နှင့်ချောင်းဆုံမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း များမှတာဝန်ခံများ၊ တောင်ဝိုင်းဘိုးဘွားရိပ်သာ၊ အမျိုးသမီးစောင့်ရှောက် ရေးဂေဟာ၊ ကုမုဒြာဂေဟာ တို့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား (၅၀) ဦးတက်ရောက်ခဲ့ကြပြီး၊ အဆိုပါ အသိပညာပေး ဟောပြောပွဲများကို မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား   ထပ်ဆင့်အသိပညာပေးဟောပြောသွားမည် ဖြစ်ပါသည်။



 

နောက်ဆုံးရသတင်းများ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR