ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံ‌ရေး (၇၇)နှစ်မြောက်အထိမ်းအမှတ်အဖြစ် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊မြန်မာစံတော်ချိန်(၁၄:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြားနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု(၇၇)နှစ်ပြည့်မြောက်သည့်အထိမ်း အမှတ်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူသားအားလုံးသာတူညီမျှရှိပြီးရေရှည်တည်တံ့သော လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်ဖြင့် လူမှုစီးပွားဘဝမြှင့်တင်မှုမှတစ်ဆင့် ဘေးကင်းလုံခြုံပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့်လူ့အဖွဲ့အစည်း ဖြစ်လာစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးသက်ရောက်မှုကြောင့် သဘာဝဘေးအန္တရာယ်များကို တွေ့ကြုံခံစားနေရ‌ပြီး သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေကို၂၀၁၃ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် အသီးသီး ပြဋ္ဌာန်းခဲ့ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (National Disaster Management Committee-NDMC)နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အထိအဆင့်ဆင့်သော ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီများကိုဖွဲ့စည်းထားကြောင်း၊ ထိရောက်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများသည်ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများကိုနည်းပါးသက်သာစေနိုင်သည့်အပြင်ဘေးဒဏ်ကိုပိုမိုခံနိုင်ရည်ရှိသောအသိုက်အဝန်းများအဖြစ်ဖြစ်ပေါ်လာစေနိုင်ပါကြောင်း၊ကြိုတင်ခန့်မှန်းချက်ရယူနိုင်သော သဘာဝဘေးများအတွက် ကြိုတင်သတိပေးချက်များပေးပို့နိုင်သည့် Myanmar Disaster Alert Mobile Applicationကို ရေးဆွဲထားပြီးဖြစ်သကဲ့သို့ ပုံမှန်ဆက်သွယ်ရေးကွန်ရက်များ သဘာဝဘေးဆိုင်ရာ အရေးပေါ် အခြေအနေကြောင့် ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရပါကအရန်ဆက်သွယ်ရေးစနစ်အဖြစ် Single Side Band (SSB) များကို သဘာဝဘေးမကြာခဏဖြစ်ပွားတတ်သည့် နေရာများတွင် အသင့်တပ်ဆင်ပေးထားပါကြောင်း၊ ထိရောက်သည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဖြစ်စေရန် အစိုးရ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ပုဂ္ဂလိကအခန်းကဏ္ဍ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်၊ တိုင်ဖွန်းရာဂီ၏သက်ရောက်မှုကြောင့်ရေကြီးရေလျှံမှုဖြစ်စဉ်များတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ပံ့မှု အကူအညီပေးခဲ့မှုများကို  မှတ်တမ်းပြု ကျေးဇူးတင်ပါကြောင်း၊ ရှေ့လာမည့်နှစ်များတွင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍများ၌ ချစ်ကြည်ရင်းနှီးမှုနှင့်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး Mr. Iskander K. Azizov တို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပါသည်။ အထိမ်းအမှတ်နေ့ဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ တို့မှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များက ကဏ္ဍအလိုက်လုပ်ငန်းများကို ဆွေးနွေးပြောကြား ခဲ့ကြပြီး၊ တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အထိမ်းအမှတ်နေ့အခမ်းအနားသို့ စိန့်ပီတာစဘတ်မြို့ရှိ မြန်မာကျောင်းသားများ၊ ရုရှားနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR