လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၃)ကို (၁၀--၂၀၂၄)ရက်နေ့၊ နံနက်()နာရီတွင် ကျိုင်းတုံမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈ခုနှစ်မှ ၂၀၂၃ခုနှစ်၊ဒီဇင်ဘာလထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၄၀)ကြိမ်၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင် တန်း(၁၈)ကြိမ်၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂၆)ကြိမ်နှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသင်တန်း(၃)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းတို့မှ ထောက်ပံ့သည် များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင် ပေးခြင်းနှင့် အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးခြင်းတို့ကို သင်ကြားပေးလျှက်ရှိပါ ကြောင်း၊  မူးယစ်ဆေးသုံးစွဲမှု လျော့နည်းစေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို အသိပညာပေးရုံ သာမက ရပ်ရွာဒေသ၊ ပြည်သူလူထု၊ ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။

                 ဆက်လက်၍အစီအစဉ်အရ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ထေက်ပံ့ပစ္စည်းများ ပေးအပ် ခဲ့ရာ စခန်းမန်နေဂျာမှ လက်ခံရယူခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပါသည်။

                 အဆိုပါသင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ၊ စုစုပေါင်း ၁၀၀ ဦး ခန့် တက်ရောက်ခဲ့ပြီး နံနက်(၁၀)နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၁၀-၁၁-၂၀၂၃)ရက်နေ့မှ (--၂၀၂၄)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့် သင်တန်းကာလ ရက်(၉၀) ကြာ ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။     

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR