အွန်လိုင်းမဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အစွန်းရောက် အမုန်းစကားများအပေါ် တန်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ အာဆီယံဩစတြေးလျ အကြမ်းဖက်တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ၊ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ရှိ Discovery Kartika Plaza Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ACW (Myanmar) ၏ ကိုယ်စားလှယ်အဖြစ် ဒုတိယ အမြဲတမ်းအတွင်းဝန်က ဦးဆောင်၍ ပါဝင်တက်ရောက်ခဲ့ပြီး စုစုပေါင်း မြန်မာကိုယ်စားလှယ် (၇)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် Work Plan of the  ASEAN Plan of Action to Prevent and Counter the Rise of Radicalization and Violent Extremism (Bali Work Plan) 2019-2025 ကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုရန် ရည်ရွယ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် အွန်လိုင်းမဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အစွန်းရောက်အမုန်းစကားများအပေါ် တန်ပြန်တုန့်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ သတင်းအချက်အလက်များကိုရယူ၍ ဆွေးနွေးရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာကဏ္ဍအသီးသီး၏ ကိုယ်စားလှယ်များ၊ အွန်လိုင်းအတတ်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ကျင်းပ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR