၂၀၂၅ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်၂၃၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့်ဇနီးများ၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် အမျိုးသမီး ကော်မတီဥက္ကဋ္ဌနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု၂၀၂၅ခုနှစ်သည် ဘေဂျင်းညီလာခံ၏ နှစ်၃၀မြောက်နှစ်ပတ်လည်ဖြစ်သည်နှင့်အညီ ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို အင်တိုက်အားတိုက်အကောင်အထည်ဖော် ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစားပေးလုပ်ငန်းနယ်ပယ်၁၂ရပ်ကိုအခြေခံပြီး  အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းကို ရေးဆွဲပြီးဦးဆောင်ကော်မတီ (၁) ရပ်၊ လုပ်ငန်း ကော်မတီ (၁၂) ရပ်ဖြင့်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူဦးရေသန်း (၈) ထောင်ကျော်ရှိသည့်အနက် ကမ္ဘာ့အမျိုးသမီးသည်သန်း(၄)ထောင်ကျော် (၄၉.၇၃) ရာခိုင်နှုန်းရှိပါကြောင်း၊ ယခင်နှစ်စာရင်းများအရ ကမ္ဘာတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများအကြားတွင်အမျိုးသမီးနှင့်မိန်းကလေးငယ် (၆၁၂) သန်းရင်ဆိုင်ကြုံတွေ့ခဲ့ကြ ရပါကြောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေး ဆိုင်ရာကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCEDAW)နှင့်အညီအမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ပါဝင်မှုကိုတိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ အမျိုးသမီးများအကြမ်းဖက်မှုကြုံတွေ့ရပါကသတင်းပို့တိုင်ကြားနိုင်ရန် ၂၄နာရီ Helpline ဖုန်း“1566”ကိုဖွင့်ထားပြီးလူမှုရေး လိုအပ်ချက်များကိုဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ယခုနှစ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ဆောင်ပုဒ်ဖြစ်သော တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများစွမ်းရည်မြှင့်တင်စို့နှင့်အညီအမျိုးသမီးများ၏ အခွင့်အရေးမြှင့်တင်ခြင်းနှင့် အမျိုးသမီးများစွမ်းရည်မြင့်မားလာစေရန်အမျိုးသမီးများကိုသိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဘာသာရပ်နယ်ပယ်တွင်ပိုမိုပါဝင်နိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီး များ၏ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ခေါင်းဆောင်မှုနှင့်ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးတို့တွင် အမျိုးသမီးစွမ်းပကားမြှင့်တင်ပေးရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးရန် လိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းများ၏ဆောင်ရွက်ချက်များ မှတ်တမ်း ဗီဒီယိုကိုပြသခဲ့ပါသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်သူများသည် ခင်းကျင်းပြသထားသောအမျိုးသမီးကျောင်းများနှင့်အမျိုးသမီး အဖွဲ့များ၏ထုတ်ကုန်ပစ္စည်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR