လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ ​​​ဝက်လဟာ ကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာတွင် (၄-၅-၂၀၂၂) ရက်နေ့ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေပြောင်းအိမ်ခြေ (၁၄) လုံး၊ အိမ်ထောင်စု (၁၄)စုရှိ လူဦးရေ (၅၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၄၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးကျပ်(၁၀၇၁၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေကျပ် (၁၅၀၇၁၀ဝ/-)ကျပ် တိတိနှင့် Surgical Mask (၁၀၂) ခုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၁) များနှင့်အတူ (၁၅:၃၀) နာရီတွင်‌ ဘေးဖြစ်ပွားရာကျေးရွာအုပ်စုသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်၀ယ်သို့ အရောက် ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source:  DDM


နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR