၂၀၂၆ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။


သင်တန်းကို မတ်လ (၃၀)ရက်နေ့မှ ဧပြီလ(၃)ရက်နေ့ထိ အခြေခံပညာဦးစီးဌာနမှ ဆရာ/မများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာ/မများအပါအဝင် သင်တန်းသူ/သား (၃၀)ဦးဖြင့် ပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမများမှ စွန့်ပစ်ပစ္စည်းများနှင့် ဒေသထွက်ပစ္စည်းများကို အသုံးပြု၍ ဉာဏ်ရည်ဖွံ့ဖြိုးကစားစရာ ပစ္စည်းများ၊ အတုယူကစားရန်ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ တီထွင်ဖန်တီးကစားရန်ပစ္စည်းများ၊ ဖတ်ရှုရန်ပစ္စည်းများ၊ အဝတ်စများအသုံးပြု၍ ကစားစရာ Plushies များပြုလုပ်ခြင်းတို့ကို သင်ကြားပို့ ချသွားမည်ဖြစ်ပါသည်။




နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR