လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူ ငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ နံနက် (၁၀:၀၀) နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ လုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးတို့ကို ၂၀၂၂ ခုနှစ်အတွင်း (၂) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ် ချက်အားလုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ် များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းစီမံချက်အရ အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် ကာကွယ်တားဆီးရေး ကော်မတီရုံးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ Helpline ဝန်ဆောင်မှု (၁၅၆၆) ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း/ပြည်ပရှိ ဆန့်ကျင်ဖက် အဖွဲ့အစည်းတို့၏ လုပ်ကြံစွပ်စွဲချက်များအား ထုတ်ပြန်ကြေငြာချက်တို့ဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃)ကို (၁၈-၈-၂၀၂၂) တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ယခုနှစ် ဩဂုတ် လ (၁၈) ရက် တွင် သက်တမ်း (၁) နှစ် ပြည့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) နှင့်ပတ်သက်ပြီး လက်ရှိ အချိန်ထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ဆွေးနွေးရန်နှင့် လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) 

ရေးဆွဲချမှတ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်တို့နှင့်အညီ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါ ကြောင်း၊ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) ကိုရေးဆွဲချမှတ်နိုင်ရန် လုပ်ငန်း စီမံချက် (၂၀၂၂-၂၀၂၃) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက် အခဲနှင့် အကြံပြုတင်ပြချက်စသည့် သတင်းအချက်အလက်တို့ကို ပြန်လည်ထူထောင်ရေး ဦးစီးဌာနက ဆက်စပ်ဝန်ကြီးဌာနများမှ တောင်းခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်တားဆီးရေး ကော်မတီရုံးအဖွဲ့သည် ဆက်စပ်ဝန်ကြီးဌာနများမှ ပေးပို့လာသည့် သတင်းအချက်အလက်တို့ အပေါ်မူတည်၍ လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) ရေးဆွဲချမှတ်နိုင် ရန် သုံးသပ်တင်ပြရမည်ဖြစ်ကြောင်း၊ ထိုအပြင် ကာကွယ်တားဆီးရေး ကော်မတီ ရုံးအဖွဲ့သည် လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) ရေးဆွဲ ချမှတ်နိုင်ရေးအတွက် အချိန်ကာလ မူဘောင်နှင့် လုပ်ငန်းအစီအစဉ်တို့ကို ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  (၂၀၂၂-၂၀၂၃) ကို သုံးသပ် ရန်နှင့် လုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၄) ရေးဆွဲချမှတ်နိုင်ရေးအတွက် ကာကွယ်တားဆီးရေး ကော်မတီရုံးအဖွဲ့ ညှိနှိုင်းအစည်းအဝေး တို့ကို ကျင်းပပြုလုပ်ရန် လိုအပ်ကြောင်း၊ လက်နက် ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်သွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များမှ ဆွေးနွေးအကြံပြုပေးရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများသည် လုပ်ကြံစွပ်စွဲမှုတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အတွက် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော လုပ်ငန်းစီမံချက် ရေးဆွဲ ချမှတ်နိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ

အကြမ်းဖက်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ၏ လုပ်ငန်းရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ 

ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များမှ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကို အကောင် အထည်ဖော် ဆောင်ရွက်မှု အခြေအနေ၊ ကြုံတွေ့ရသည့် အခက်အခဲနှင့် အကြံပြုချက်တို့ကို တင်ပြဆွေးနွေးခဲ့ပြီး လုပ်ငန်းကော်မတီဉက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR