၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီမှ ၃.၁၂.၂၀၂၄ရက်၊ နံနက် ၀၉း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန် တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မသန်စွမ်း ပုဂ္ဂလိကအထူးပညာသင်ကျောင်းမှ ကိုယ်စားလှယ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၊ ဆုရရှိသူ မသန်စွမ်းကလေးများ စုစုပေါင်း (၃၈၀) ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုလသမဂ္ဂမှပေးပို့လာသည့် သဝဏ်လွှာ Video Clipနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clipအား ပြသခဲ့ပါသည်။ ထို့နောက် မသန်စွမ်းကျောင်းများမှ ကျောင်းသား/သူလေးများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ 

ဆက်လက်ပြီး ဖျော်ဖြေရေးအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများတွင် အငယ်တန်း စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သော နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသား (၁) ဦးအားလည်းကောင်း၊ အကြီးတန်း စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သော နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ မောင်သက်ထူးစံအားလည်းကောင်း၊ အလတ်တန်း စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သော မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းမှ မယွန်းမီမီအောင်အားလည်းကောင်း၊ သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ မခင်ဂျေဂျေလွင်အားလည်းကောင်း (၁) ဦးလျှင် ဂုဏ်ပြုငွေကျပ် ၁၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ)ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများမှ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မသန်စွမ်းကျောင်း (၅)ကျောင်းနှင့် ပုဂ္ဂလိကမသန်စွမ်းကျောင်း (၄)ကျောင်းတို့တွင် စောင့်ရှောက်ထားသော ကလေးများအား တစ်ဦးလျှင် ကျပ်၄၀,၀၀၀/-နှုန်းဖြင့် ကလေးဦးရေ စုစုပေါင်း (၁၃၄၉)ဦး အတွက် ငွေကျပ် ၅၃၉,၆၀,၀၀၀/-(ကျပ်ငါးရာသုံးဆယ့်ကိုးသိန်းခြောက်သောင်းတိတိ)အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တက်ရောက်လာကြသူများမှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်းနှင့် မသန်စွမ်းသင်တန်းကျောင်းများမှ ခင်းကျင်းပြသထား လက်မှုထုတ်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် အခမ်းအနားကို နံနက် (၁၁:၀၀) နာရီတွင် ပြီးမြောက်ခဲ့ပါသည်။








နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR