မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့် အဖွဲ့အစည်းများမှတ်ပုံတင်ခြင်းအတွက်  စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲ ရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်အစည်းအဝေးကို (--၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ Task Force အဖွဲ့ခေါင်းဆောင် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဌာနဆိုင်ရာများမှ Task Force အဖွဲ့ဝင်များ တက်ရောက်ကြသည်။

              လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ (၂၀၁၅)၊ အခန်း(၁၂)၊ ပုဒ်မ ၄၇ အရ မသန်စွမ်းမှုအမျိုးအစားအလိုက်ဖြစ်စေ၊ မသန်စွမ်းမှုအမျိုးအစားများစုပေါင်း၍ဖြစ်စေ သက်ဆိုင်ရာ မသန်စွမ်းသူများ အသင်းအဖွဲ့တစ်ခုခုကို မှတ်ပုံတင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မသန်စွမ်းသူများအသင်းမှတစ်ဆင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သို့ သတ်မှတ် ချက်များနှင့်အညီ လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ မသန်စွမ်းသူများအသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ရန်အတွက် Standard Operation Procedure –SOP (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုရေးဆွဲခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများသို့ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များတောင်းခံခြင်း၊ ပြန်လည်ပေးပို့လာသည့် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ‌နှင့် အညီပြန်လည်ပြင်ဆင်ခြင်းတို့အားဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သဖြင့် ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးအား ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြဋ္ဌာန်းထားရှိပြီးဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မသန်စွမ်းသူများအသင်းအဖွဲ့ မှတ်ပုံတင် နိုင်ရေးအတွက် Standard Operation Procedure – SOP သည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ် ပါကြောင်းနှင့် မသန်စွမ်းသူများအရေးအတွက် ဆောင်ရွက်ခြင်းသည် မသန်စွမ်းသူများအနေဖြင့် အခြားသူများနည်းတူ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

              ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်း က မသန်စွမ်းသူများအားလုံးအကျုံးဝင်စေရေး ဆောင်ရွက်လျက်ရှိရာ အသင်းအဖွဲ့နှင့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းသို့ စနစ်တကျ မှတ်ပုံ တင်ထားရှိမှသာ အသင်းအဖွဲ့များ၏ဆောင်ရွက်မှုလုပ်ငန်းများသည် မသန်စွမ်းသူတို့ တိုက်ရိုက်အကျိုး ခံစားခွင့်ရရှိရေး၊ နိုင်ငံတော်၏မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နေသည့် အသင်း အဖွဲ့များဖြစ်စေရေး၊ အမျိုးသားကော်မတီက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကွပ်ကဲပံ့ပိုးနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် မူကြမ်းအပြီးသတ်ဖြစ်၍ ပွင့်ပွင့်လင်းလင်း တက်ကြွစွာ ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ရရှိလာသည့် အပြီးသတ်မူကြမ်းအား ဆက်လက်၍ အထက်အဆင့်ဆင့်သို့ တင်ပြအတည်ပြုသွားမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။

              ဆက်လက်၍ ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက SOP (မူကြမ်း)အပေါ်ဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေးချက်၊ အကြံပြုချက်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများမှ ပြန်လည် ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ဖြည့်စွက်ပြီးဖြစ်သည့် SOP (Fourth Draft) အား ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် Task Force အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက်၊ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သတင်းရရှိပါ သည်။

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR