လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်(၉.၁၂.၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင်တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ရာလူငယ်သင်တန်းကျောင်းကျောင်းအုပ်မှ ကလေးများအတန်းပညာသင်ကြားနေမှုများနှင့် ကျောင်း၏လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူငယ်သင်တန်းကျောင်းရှိ ကလေးများမူလတန်းပညာရေးသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပါသည်၊ ဆက်လက်၍ လူငယ်သင်တန်းကျောင်းကျောင်းစာကြည့်တိုက်၊ကျောင်းသားအိပ်ဆောင်များသို့လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် လူငယ်သင်တန်းကျောင်းဝန်းအတွင်း ကျောင်းသားများအတွက် တစ်ပိုင်တစ်နိုင်စိုက်ခင်းများ စိုက်ပျိုးထားမှုအခြေအနေကို ကြည့်ရှခဲ့ပြီး ကျောင်းသားများအတွက် ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရေး ရာသီအလိုက်စိုက်ပျိုးသွားရန် ညွှန်ကြားခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ သွားရောက်၍ (၈.၅.၂၀၂၅)ရက်နေ့မှ (၂၆.၃.၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသော  အီလက်ထရောနစ်သင်တန်းတွင် သင်ကြားနေသော သင်တန်းသားများအား ကြည့်ရှုပြီး အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံဆိပ်ရိုက်သင်တန်းခန်း၊ စက်ချုပ်သင်တန်းခန်း၊ ကွန်ပျူတာခန်းနှင့် ဆံသသင်တန်းခန်းများသို့သွားရောက်၍ ကြည့်ရှုခဲ့ပါသည်။ ယင်းနောက်ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်းတွင် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပေးနိုင်မှုအခြေအနေများကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းမှ သင်ကြားပေးသော သင်တန်းများသည် မသန်စွမ်းသူများအတွက် အကျိုးရှိအောင် သင်ကြားနိုင်ရေး၊  ရပ်ရွာအတွင်းတွင် မသန်စွမ်းသူများအလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ သင်တန်းတက်ရောက်ပြီးသူများအနေဖြင့်  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများအား စဉ်ဆက်မပြတ်လေ့လာဆန်းစစ်သွားရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းအထောက်အကူပြုပစ္စည်းများအပါအဝင် လိုအပ်သည်များကို တင်ပြတောင်းခံရန်နှင့် သင်တန်းကျောင်းနှင့် ကျောင်းပတ်ဝန်ကျင် သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ရန်လမ်းညွှန်သွားပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR