ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို (၁.၁၂.၂၀၂၅)ရက် ၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ညိုမီစော၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အသင်းအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ သူနာပြုကျောင်းနှင့် သားဖွားကျောင်းတို့မှ ကျောင်းသား/သူများ၊ ပရဟိတဂေဟာများမှ ကျောင်းသူများ၊ အခြေခံပညာရေး ကျောင်းများမှ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၄၀၀)ဦးခန့်တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှု အောက်ရှိ ဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားသော ပရဟိတဂေဟာမှ ကလေး သူငယ်များနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူများက တိုင်းရင်းသားအကနှင့် Fitness Dance အကများဖြင့်ကပြဖျာ်ဖြေခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူး၍ နံနက် (၁၁း၂၅)နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။












