လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ် (ဆိပ်သာ၊လှေကွဲလဟာ)အုပ်စု၌ (၁၃-၅-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြို ကျနေအိမ်(၁) လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁၂၀,၀၀ဝ/-) အိမ်ထောင်စု(၂)စုမှ လူဦးရေ(၃) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၆,၃၀ဝ/-)  စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ်(၁၂၆,၃၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁) ပုံးနှင့် ကျောင်း ကုန်းမြို့နယ်(မကျီးပင်ကွင်း၊ဖုန်းဆိုး၊ထောက်ရှာ.၊မိုးမခ)ကျေးရွာအုပ်စုတို့၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံး၊ အမိုးလန်နေအိမ်( ၄) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၃၈၀,၀၀ဝ/-)အိမ်ထောင်စု (၇)စုမှ လူဦးရေ( ၁၉)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၉၉၀ဝ/-).စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၉,၉၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု(၃)စုစာတို့အား ( ၁၄-၅-၂၀၂၃)ရက်နေ့ (၁၄း၂၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR