လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၁၂-၂၀၂၃) ရက်နေ့ (၀၁း၂၀)နာရီအချိန်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်၊ အမှတ်(၈)နယ်မြေတွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သည့်   လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)နှင့် လူဦးရေစုစုပေါင်း(၉)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၁၈,၉၀ဝိ/-)နှင့် တန်ဖိုးငွေ(၁၂၉,၂၇၃/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၇-၁၂-၂၀၂၃)ရက်နေ့ (၁၅း၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR