(၁၈-၃-၂၀၂၂)ရက်နေ့ (၁၃း၂၀)ချိန်တွင် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကြံခင်း(ရေပူ)ကျေးရွာနေထိုင်သော အမျိုးသားတစ်ဦးသည် ကြံစိုက်ခင်းသို့ ကြံကောက်သွားစဉ် မိုင်းနင်းမိ၍ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသဖြင့်  လားရှိုး​ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါဒဏ်ရာရရှိသူအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)အား (၁၈-၃-၂၀၂၂) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#shn_mar_2022
Source:
လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR