ကရင်ပြည်နယ်အတွင်းရှိ အမျိုးသမီးတစ်ရပ်လုံးအတွက် စွမ်းဆောင်ရည်ပြည့်ဝစေရေး၊ နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်တပ်တစ်အားပါဝင်နိုင်စေရေး၊ အခွင့်အရေးများကိုအခြေခံသော ကာကွယ်စောင့်ရှောက်မှု အပြည့်အဝရရှိစေရေး ရည်ရွယ်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

      အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကရင်ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့်ဇနီး၊ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပွင့်ဦးသဇင် ကုမ္ပဏီလီမိတက်၊ ကရင်အမျိုးသမီးများကွန်ယက်နှင့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ စီမံကိန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးနယ်ပယ်တွင် အမျိုးသမီးများအရေး ဆောင်ရွက်နေသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားပြီး အကြမ်းဖက်ခံရမှုမှပပျောက်သွားနိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှပပျောက်ရေး ဝိုင်းဝန်းကျိုးပမ်းဆောင်ရွက်ကြရန်နှင့် မိရိုးဖလာယဉ်ကျေးမှုများ စံနှုန်းများအတိုင်း အမျိုးသမီးများကို တန်ဖိုးထားစောင့်ရှောက်ပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

     ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး၊ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌတို့က ပြည်နယ်အတွင်း ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်အား ကြည့်ရှုခဲ့ကြကာ ဘားအံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

          အခမ်းအနားအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ခင်းကျင်းပြသထားသည့် ဓါတ်ပုံမှတ်တမ်းများ၊ ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR