လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၁၀-၂၀၂၁)ရက်နေ့ (၀၈:၃၅)နာရီအချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာတွင် မီးဖိုချောင်ရှိ ပလပ်ခုံမှဝါယာရှော့ဖြစ်၍ မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ (၂၀၀,၀၀ဝ)ကျပ် နှင့်လူဦးရေ စုစုပေါင်း(၂)ဦးတို့အတွက်  (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄,၂၀ဝ)ကျပ်အားလည်းကောင်း၊ ပြိုကျပျက်စီးလူနေအိမ် (၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာ တန်ဖိုးငွေ (၄၆,၀၃၆)ကျပ်အားလည်းကောင်း၊ (၈-၁၀-၂၀၂၁)ရက်နေ့ (၁၃:၃၀) နာရီအချိန်ခန့်တွင် မြို့​နယ်​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ ထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

Source:DDM


နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR