လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အလှူပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ လက်ခံခြင်း/ထိန်းသိမ်းခြင်း/ထုတ်ပေးခြင်း/ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Computerized System ဖြင့် Inventory Management Software အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

       ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့) အပါအဝင် သိုလှောင်ရုံများတွင် Inventory Management စနစ်ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန်မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်း ဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ ပစ္စည်းများ လက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူ ချောမွေ့ခြင်း၊ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပါသည်။

       ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်ချက်များအရ ကယ်ဆယ်ရေး ပစ္စည်းများ၊ အလှူပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ လက်ခံခြင်း/ထိန်းသိမ်းခြင်း/ ထုတ်ပေးခြင်း/ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို မှန်ကန်မြန်ဆန်လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် Inventory Management Software အသုံးပြုနိုင်ရေးအတွက် နည်းပညာ ကုမ္ပဏီများနှင့်ချိတ်ဆက် ရရှိခဲ့သည့် သတင်းအချက် အလက်များနှင့် သိုလှောင်ရုံ အချက်အလက်ထိန်းသိမ်းမှုစနစ် အသုံးပြုနိုင်ရေးအတွက် နည်းပညာကုမ္ပဏီများမှ နမူနာပုံစံတင်ပြလာသည့် အချက်အလက်များနှင့် လက်ရှိသိုလှောင်ရုံများတွင် လုပ်ငန်းဆောင်ရွက်မှု ပုံစံများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်သုံးသပ်ပြောကြားရာတွင် တင်ဒါစနစ်ဖြင့် စနစ်တကျဆောင်ရွက်ရန် အရေးကြီးကြောင်း၊ Software များ ရေးသားအသုံးပြုရာတွင် မိမိဌာန၏ လိုအပ်ချက်၊ လိုလားချက်များကို သေချာစွာပြုစုပြီး ထည့်သွင်းနိုင်ရေး၊ Computer System ၌ အမှားအယွင်း  တစ်စုံတစ်ရာရှိလာပါက အသုံးပြုသူဘက်က မှားယွင်းခြင်း၊ System အပိုင်းတွင် မှားယွင်းခြင်း စသည်များနှင့်စပ်လျဉ်း၍ သေချာရှင်းလင်းစွာ ထည့်သွင်းနိုင်ရန်လည်း အရေးကြီး ပါကြောင်း၊ ဌာနအနေဖြင့် နည်းပညာပိုင်း၊ လုပ်ငန်းပိုင်း နားလည်သည့် Focal Person များ ထားရှိ ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာန၌ IT နည်းပညာပိုင်း Core Group ဖွဲ့၍ ဆောင်ရွက်သွားရန်လည်းလိုပါကြောင်း၊ ဌာနအတွင်း အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီး ပြည့်စုံကောင်းမွန်သော စနစ်ဖြစ်စေရေးနှင့် လုံခြုံမှုအပိုင်းအားနည်းချက်မရှိစေရေး စဉ်းစားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR