လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများ၊ အလှူပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ လက်ခံခြင်း/ထိန်းသိမ်းခြင်း/ထုတ်ပေးခြင်း/ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် Computerized System ဖြင့် Inventory Management Software အသုံးပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

       ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့) အပါအဝင် သိုလှောင်ရုံများတွင် Inventory Management စနစ်ကို Software အသုံးပြု၍ ဆောင်ရွက်နိုင်ပါက အချက်အလက်များ ပိုမိုမြန်ဆန်မှန်ကန်စွာသိရှိနိုင်ခြင်း၊ လူအင်အားနည်းနည်း ဖြင့် ဆောင်ရွက်နိုင်ပြီး အချိန်ကုန်သက်သာခြင်း၊ ပစ္စည်းများ လက်ခံဖြန့်ဖြူးရာတွင် ပိုမိုလွယ်ကူ ချောမွေ့ခြင်း၊ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပါသည်။

       ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေနှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်ချက်များအရ ကယ်ဆယ်ရေး ပစ္စည်းများ၊ အလှူပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ လက်ခံခြင်း/ထိန်းသိမ်းခြင်း/ ထုတ်ပေးခြင်း/ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို မှန်ကန်မြန်ဆန်လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် Inventory Management Software အသုံးပြုနိုင်ရေးအတွက် နည်းပညာ ကုမ္ပဏီများနှင့်ချိတ်ဆက် ရရှိခဲ့သည့် သတင်းအချက် အလက်များနှင့် သိုလှောင်ရုံ အချက်အလက်ထိန်းသိမ်းမှုစနစ် အသုံးပြုနိုင်ရေးအတွက် နည်းပညာကုမ္ပဏီများမှ နမူနာပုံစံတင်ပြလာသည့် အချက်အလက်များနှင့် လက်ရှိသိုလှောင်ရုံများတွင် လုပ်ငန်းဆောင်ရွက်မှု ပုံစံများကို Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

       ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်သုံးသပ်ပြောကြားရာတွင် တင်ဒါစနစ်ဖြင့် စနစ်တကျဆောင်ရွက်ရန် အရေးကြီးကြောင်း၊ Software များ ရေးသားအသုံးပြုရာတွင် မိမိဌာန၏ လိုအပ်ချက်၊ လိုလားချက်များကို သေချာစွာပြုစုပြီး ထည့်သွင်းနိုင်ရေး၊ Computer System ၌ အမှားအယွင်း  တစ်စုံတစ်ရာရှိလာပါက အသုံးပြုသူဘက်က မှားယွင်းခြင်း၊ System အပိုင်းတွင် မှားယွင်းခြင်း စသည်များနှင့်စပ်လျဉ်း၍ သေချာရှင်းလင်းစွာ ထည့်သွင်းနိုင်ရန်လည်း အရေးကြီး ပါကြောင်း၊ ဌာနအနေဖြင့် နည်းပညာပိုင်း၊ လုပ်ငန်းပိုင်း နားလည်သည့် Focal Person များ ထားရှိ ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာန၌ IT နည်းပညာပိုင်း Core Group ဖွဲ့၍ ဆောင်ရွက်သွားရန်လည်းလိုပါကြောင်း၊ ဌာနအတွင်း အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီး ပြည့်စုံကောင်းမွန်သော စနစ်ဖြစ်စေရေးနှင့် လုံခြုံမှုအပိုင်းအားနည်းချက်မရှိစေရေး စဉ်းစားဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR