၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်က စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ရှေးဦး အရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ပါသည်။    

သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ဒီဇင်ဘာလ၂၂ ရက်မှ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်ထိ သင်တန်းကာလ (၂၁) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းတွင် သင်တန်းသူ/သား (၃၀) ဦး တက်ရောက်လျက်ရှိပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ် သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ သင်တန်းသူ/သင်တန်းသားများ အနေဖြင့် သင်တန်းကာ (၂၁)ကြာ ပိတ်ရက်မရှိ တက်ရောက်ရမည်ဖြစ်ကြောင်း၊ မူလတန်းကြိုကျောင်း များတွင် ဆရာ/ဆရာမအဖြစ် သင်ကြားနေသူများ၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်ကို စိတ်ပါဝင်စားသူများအတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆရာ/ဆရာမများမှ ပို့ချသွားမည် ဖြစ်ပါကြောင်း၊ ရပ်ရွာအခြေပြုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း ဆရာ/ဆရာမများအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူ နေရမည်ဖြစ်ပါကြောင်း ၊ ဌာနတွင်း ဆရာ/ ဆရာများကိုမူ လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ အစဉ် အမြဲလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် သင်ယူရမည့်ဘာသာရပ်များနှင့် ပတ်သက်၍ အခက်အခဲများရှိပါက အချိန်မရွေး မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း

MOS

DSW

DDM

DOR