လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက် အကူပြုဗဟိုဌာန (ရန်ကုန်) တွင် ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လမှ (၃) နှစ်အရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် (၁၈) ကို သင်တန်းသား (၄၀) ဦးဖြင့် ၁၃.၁.၂၀၂၆ ရက်မှ ၁၀.၂.၂၀၂၆ ရက်ထိ ဖွင့်လှစ်လျက်ရှိရာ သင်တန်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို လက်တွေ့နယ်ပယ်များ၌ အတွေ့အကြုံရှိသော နည်းပြဆရာ/ ဆရာမများမှ စာတွေ့၊ လက်တွေ့များဖြင့် သင်ကြားပို့ချပေးလျက်ရှိပါသည်။

အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇) ရပ်၊ Convention on the Right of the child (CRC) & Child Right Law, ECCD Law & Policy, သင်ယူမှု၏ အခြေခံအုတ်မြစ်များ၊ ကလေး သဘောသဘာဝနှင့်အခြေခံလိုအပ်ချက်၊ (၃) နှစ်အောက်ကလေးငယ်များ၏ ကာယဖွံ့ဖြိုးမှု/ လှုပ်ရှားမှု၊ Social, Emotional Development, Developmental Milestones,ဘာသာစကားဖွံ့ဖြိုးမှု၊ Early Childhood Intervation (ECI), ကစားခြင်းမရှိလျှင် ဖွံ့ဖြိုးခြင်းမရှိနိုင်၊ သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်း၊ Guidelines for Positive Discipline, Observation, မိဘအသိပညာပေးခြင်း၊ နေ့ကလေးထိန်းကျောင်းပြင်ဆင်ဖွဲ့စည်းပုံ၊ Day Care Planning ရေးဆွဲခြင်း၊ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သာမက ကလေးပြုစုရေးဌာနသို့ လက်တွေ့ ကွင်းဆင်း၍ လေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။

ထို့အပြင် ကလေးများ၏ဘက်စုံကျန်းမာရေး၊ အစာအာဟာရ၊ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သောကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ (၃)နှစ်အောက်ကလေးများ၏ သိမှုဖွံ့ဖြိုးမှု၊ ကလေးဦးနှောက်ဖွံ့ဖြိုးမှု၊ နေ့ကလေးထိန်းဌာန ပြင်ဆင်ဖွဲ့စည်းပုံစသည့် ဘာသာရပ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအားခေါ်ယူဖိတ်ကြား၍ သင်ကြားပေးပြီး မတော်တဆထိခိုက်မှုနှင့် အဆိပ်အန္တရာယ်ဖြစ်ပွားမှုမှ ကာကွယ်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့်ပတ်ဝန်းကျင် ဘာသာရပ်များအတွက်လည်း မြို့နယ်ကျန်းမာရေးမှ ပညာရှင်များကို ခေါ်ယူဖိတ်ကြား၍ သင်ကြားသွားပါမည်။

သင်တန်းတက်ရောက်ပြီးသူ ဆရာ/ ဆရာမများအနေဖြင့် မိမိနေထိုင်ရာပတ်ဝန်းကျင်ရှိ ရှေးဦးအရွယ်ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ သိမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအစရှိသည့် ဘက်စုံဖွံ့ဖြိုးမှုရရှိစေရေးအတွက် ဆောင်ရွက်ရာတွင် နည်းစနစ်ကျပြုစုစောင့်ရှောက်နိုင်မည်ဖြစ်ပြီး ကလေးပြုစုစောင့်ရှောက်မှုဆိုင်ရာ အသိပညာ၊ ဗဟုသုတ မှန်ကန်သည့်နည်းလမ်းများကို မျှဝေ ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR