လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့ တွင် (၂၈-၇-၂၀၂၃) ရက်နေ့၊ (၁၆:၁၅) နာရီအချိန်ခန့်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ဘုန်းကြီးကျောင်း (၁)ကျောင်း အပါအဝင် နေအိမ်(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ (၇၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၃၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၈၃၀၀/-)ကျပ်တိတိအား (၂-၈-၂၀၂၃) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် ကြံ့ခိုင်ရေးရပ်ကွက်၊ကြာကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရမ္မာဝတီဘုန်းတော်ကြီးကျောင်းတို့၌ ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR