လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၃)ရက်နေ့ (၁၉:၁၅) အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၂)လမ်း၌ ပြင်ဆင်ဆဲ ဘထ္ထရီတပ်ဆင်နေစဉ်  ဝါယာကြိုးများပူးကပ်၍ ရှော့ဖြစ်ကာ မီးပွားထွက်ရာမှ အနီးရှိ   မွေ့ရာနှင့် မှုတ်ဆေးများအပေါ်သို့ မီးပွားကျရောက်၍ မီးကူးစက်ရာမှ  မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၂)လုံး၊ တန်းလျား(၁)လုံး လုံးဝပျက်စီးခဲ့ပြီး၊ မီးဘေးသင့် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၁,၀၀ဝ/-)၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၃၁,၀၀ဝ/-)ကျပ်နှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၃)တောင့်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၃)စုစာတို့အား (၂၁-၁၁-၂၀၂၃) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR