လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၃)ရက်နေ့ (၁၉:၁၅) အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၂)လမ်း၌ ပြင်ဆင်ဆဲ ဘထ္ထရီတပ်ဆင်နေစဉ်  ဝါယာကြိုးများပူးကပ်၍ ရှော့ဖြစ်ကာ မီးပွားထွက်ရာမှ အနီးရှိ   မွေ့ရာနှင့် မှုတ်ဆေးများအပေါ်သို့ မီးပွားကျရောက်၍ မီးကူးစက်ရာမှ  မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၂)လုံး၊ တန်းလျား(၁)လုံး လုံးဝပျက်စီးခဲ့ပြီး၊ မီးဘေးသင့် အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၁,၀၀ဝ/-)၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၃၁,၀၀ဝ/-)ကျပ်နှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၃)တောင့်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၃)စုစာတို့အား (၂၁-၁၁-၂၀၂၃) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေး အပ်ခဲ့ပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

MOS

DSW

DDM

DOR