ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ငလျင်ဘေးဒဏ်သင့် ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေး ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ပါသည်။ 

ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းအိမ်ရာများ၊ အဆောင်များတွင် ပျက်စီးမှုအခြေအနေများကို ကြည့်ရှုခဲ့ပြီး ဝန်ထမ်းမိသားစုများ ခေတ္တတိမ်းရှောင်နေထိုင်သည့် စုရပ်နေရာများဖြစ်သည့် တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာမူလတန်းကြိုကျောင်းနှင့် သဇင်()အဆောင်()မှ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ နေပြည်တော် ကလေးပြုစုရေးဌာနရှိ ဆရာမများနှင့် ကလေးငယ်များအား တွေ့ဆုံအားပေး စကားပြောကြားခြင်း၊ ထမင်းဘူး၊ မုန့်နှင့် သောက်ရေသန့်များ၊ အမျိုးသမီး သန့်ရှင်းရေးသုံး ပစ္စည်းအိတ်များ ပေးဝေခြင်း၊ သေဆုံးသူ ဝန်ထမ်းမိသားစုဝင်နှင့် ဝန်ထမ်းများ၏ သက်ကြီးမိဘ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ခေတ္တတိမ်းရှောင် စုရပ်နေရာများတွင် ရေ/မီးရရှိရေးများ၊ နေပြည်တော်ကလေးပြုစုရေးဌာနရှိ ကလေးများအတွက် မိုးကာတဲများ ထပ်မံ ပေးပို့နိုင်ရေးတို့အတွက် ညှိနှိုင်းစီစဉ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”

MOS

DSW

DDM

DOR