၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် "အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" အထိမ်းအမှတ် အခမ်းအနားကို (၃.၁၂.၂၀၂၄)ရက်၊ မွန်းလွဲပိုင်း (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တကွ ပြည်နယ်အဆင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်လာကြသော မသန်စွမ်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာရှိ မသန်စွမ်းကလေးများက ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲပိုင်း (၁၄း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးသင့်ဝန်ထမ်းများအတွက်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှ အလှူငွေ၊ဆိုလာမီးအိမ်နှင့်ဆေးဝါးများပေးအပ်လှူဒါန်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ကျင်းပဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးသည်မန္တလေးတိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းလုပ်ငန်းရပ်များနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းရပ်များကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR