ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၅-၂၀၂၆ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအား ၂၂-၅-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဥက္ကဋ္ဌအဖြစ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်ကိုယ်စားလှယ်စုစုပေါင်း (၂၂) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်းတွန်းဇံ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်များပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါကလုပ်ငန်းကော်မတီများဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များကချင်းပြည်နယ်အတွင်းရှိမိမိတို့ဌာနများနှင့် ကြိုတင်ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားပြီးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များကမိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအားတင်ပြရာပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးအစည်းအဝေးကို (၁၄:ဝဝ) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။





