လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ မေမြို့လမ်း၊ အပိုင်း(၃)၊ အမှတ် (၅၇)တွင် (၁၀-၁၂-၂၀၂၁) ရက်နေ့၊ (၀၈:၅၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀ဝ/-)၊ လူဦးရေ (၄၁) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၈၆,၁၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈၆,၁၀ဝ/-) ကျပ်တို့အား (၁၃-၁၂-၂၀၂၁) ရက်နေ့ (၁၁း၄၅) နာရီအချိန်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: DDM