ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးမှာ ၂၀၂၂ ခုနှစ်အတွက် ပထမအကြိမ် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ (၃-၈-၂၀၂၂)ရက်နေ့ကကျင်းပခဲ့သော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်အရ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏နေရပ်များကို စွန့်ခွာနေထိုင်ရသူများကို ၎င်းတို့၏ နေရင်းဒေသများသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့မှုများပေးနိုင်ရန်နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနများအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဆွေးနွေးရာ၌ မြေပြင်တွင် အမှန်တကယ်အကျိုးရှိပြီး ထိရောက်စွာ ဆောင်ရွက်နိုင်မည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား အဓိကထားဆွေးနွေးပေးကြရန်၊ ဥပမာအားဖြင့် နေရပ်ပြန်များအတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် ၎င်းတို့ဒေသနှင့် ကိုက်ညီသော သင့်လျော်သည့် ဈေးကွက်ဝင်သီးနှံများ၏ မျိုးစေ့များနှင့်နည်းပညာများ ပံ့ပိုးပေးကြရန် အကြံပြုလိုကြောင်း၊ နေရပ်ပြန်မည့်သူများ နေ့စဉ်ဝင်ငွေရရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများသည်လည်း အရေးပါသဖြင့် အဓိကစီမံရမည့် ကိစ္စရပ်ဖြစ်၍ အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားပါသည်။

ယင်းနောက်အစည်းအဝေး တက်ရောက်လာကြသော ကော်မတီဝင်ဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို  သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးသည် နေ့လည်(၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR