၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားကို၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒီမိုကရေစီနှင့်ဖယ်ဒရယ်ကိုအခြေခံသည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော်ရှိသော အမျိုးသမီးများ၏အခန်းကဏ္ဍမှာအလွန်အရေးပါကြောင်း၊ အမျိုးသမီးများသည် မိသားစုတာဝန်များသာမက နိုင်ငံတော်ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ငြိမ်းချမ်းရေးတို့အပါအဝင် အရေးပါသောကဏ္ဍများမှ ဘက်စုံပါဝင်ထမ်းဆောင်လျက်ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်တားဆီးရေးနှင့်ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီးများ၏ ဦးဆောင်မှုများတိုးမြှင့်လာစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲအခမ်းအနားသည် မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုတစ်ခုဖြစ်ပါကြောင်း၊ စာတမ်းဖတ်ကြားခြင်းကြောင့် ဖတ်ကြားသူ၏ နှစ်ပေါင်းများစွာလေ့လာဆည်းပူးခဲ့သော အတွေ့အကြုံကောင်းများ၏ အဓိကကျသောအချက်များကို သိရှိနားလည်နိုင်မည်ကြောင်း၊ စာတမ်းဖတ်ခြင်းသည် တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ပညာရပ်နယ်ပယ်အလိုက် စာတမ်းဖတ်ပွဲများကို ဆက်လက်ကျင်းပသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်၊  ပါမောက္ခဒေါက်တာခင်ဆွေမြင့်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ရာသီဥတုပြောင်းလဲမှု ၏သက်ရောက်မှုတွင် အမျိုးသမီးများ၏ခံနိုင်ရည်စွမ်းအားအရေးပါမှုစာတမ်းဖြင့်လည်းကောင်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အမျိုးသမီးများ၏အခန်းကဏ္ဍစာတမ်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က သက်ကြီးရွယ်ရင့်အမျိုးသမီးများနှင့်စိတ်ခံစားမှုအပြောင်းအလဲများစာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးစာတမ်းဖတ်ကြားခဲ့ကြပါသည်။ စာတမ်းဖတ်ကြားမှုအပြီးတွင်  တက်ရောက်လာကြသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးဖြေကြားမှုများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊နေပြည်တော် ကောင်စီနယ်မြေအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ဌာနဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ Gender Focal Point များ၊ အမျိုးသမီးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီးသဘာပတိနှင့် စာတမ်းပြုစုဖတ်ကြားသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကာ နေ့လည်(၁၂:၀၀) နာရီတွင် အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR