လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကို(၂၉-၉-၂၀၂၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)သည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃)ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက(၂၁-၇-၂၀၂၂)ရက်နေ့တွင် ခွင့်ပြုခဲ့ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃)ကိုအကောင်အထည်ဖော်နိုင်ရေးအတွက်ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန် ကြေညာချက်ကို (၁၈-၈-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများဖြစ်သည့် မြန်မာအလင်း၊ ကြေးမုံနှင့် The Global News Light of Myanmar တို့တွင် ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့်ကာကွယ်တားဆီးရေးကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်မည့် ကာကွယ်တားဆီးရေးကော်မတီရုံးအဖွဲ့ ဖွဲ့စည်းပုံ(မူကြမ်း)နှင့်လုပ်ငန်းတာဝန်များ(မူကြမ်း)တို့ကိုအတည်ပြုချမှတ်နိုင်ရန်၊ လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်တို့အားဆောင်ရွက်ရာတွင် လိုအပ်မည့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုဆွေးနွေးညှိနှိုင်းရန်ရည်ရွယ်ပြီး ယနေ့ညှိနှိုင်းအစည်းအဝေးကိုခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးပါသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားဆိုင်ရာ Helpline ဖုန်းနံပါတ်၊ 4Digit 1566 ကိုပြည်သူလူထုအနေဖြင့် သိရှိတိုင်ကြားနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အခါအားလျော်စွာထုတ်ပြန်ကြေညာလျက်ရှိနေပြီဖြစ်ပါကြောင်း၊ လက်ရှိအရှိန်အဟုန်ရရှိနေသည့် အပြုသဘောဆောင်သောတိုးတက်မှုတို့ကိုပံ့ပိုးဆောင်ရွက်ပေးကြသည့်ကာကွယ်တားဆီးရေးကော်မတီနှင့်လုပ်ငန်းကော်မတီဝင်အားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနှင့် အောင်မြင်မှုတို့ကိုလည်းဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)၏ ဆုံးဖြတ်ချက်များဆောင်ရွက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ကာကွယ်တားဆီးရေးကော်မတီ၊ ရုံးအဖွဲ့ ဖွဲ့စည်းပုံ (မူကြမ်း) နှင့် လုပ်ငန်းတာဝန်များ (မူကြမ်း) တို့ကိုရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ
ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ‌ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောပွဲနှင့် လမ်းကမ်းစာစောင်ဝေငှမှုသတင်း

MOS

DSW

DDM

DOR