၂၈-၃-၂၀၂၅ရက်က လှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက်ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ရက်နေ့မှ၂၇ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

ယခုအခါ ဧပြီလ၂၈ရက်နေ့မှမေလ ၄ရက်နေ့အထိရက်သတ္တပတ်၁ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက်ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လွှဲပြောင်းပေးခဲ့ပြီးကျန်ပစ္စည်းများကို နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့သို့ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့လျက်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းမည့်ဒီဇယ်ဆီတန် ၃၀,၀၀၀၊ ဓာတ်ဆီတန် ၂၀,၀၀၀၊ ယာယီနေအိမ်အဖြစ်အသုံးပြုရန် Prefabricated House ၄၅၀၀ လုံးနှင့် ယာယီရုံးအဖြစ်အသုံးပြုရန် Prefabricated Office ၅၀၀ လုံးတို့အနက် ၂-၅-၂၀၂၅ ရက်နေ့တွင် ဒီဇယ်ဆီတန် ၁၈,၀၀၀နှင့် PrefabricatedOffice ၃၄၀ လုံးသည် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာဒီဇယ်ဆီတန် ၁၈,၀၀၀ ကိုရန်ကုန်မြို့၊ သီလဝါ Terminalတွင် ခေတ္တ ထိန်းသိမ်းထားရှိပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အသုံးပြုသွားမည်ဖြစ်ပါသည်။ PrefabricatedOffice ၃၄၀ လုံးကို၄-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်သို့ မြန်မာ့မီးရထားဖြင့် သယ်ဆောင်လျက်ရှိရာရောက်ရှိပါကဝန်ကြီးဌာနအသီးသီးသို့ ဖြန့်ခွဲ၍ ယာယီရုံခန်းများအဖြစ် အသုံးပြုကာဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရက်သတ္တပတ် ၁ ပတ်အတွင်းလက်ခံရရှိသောလှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့်ဝန်ထမ်း မိသားစုများကို နေပြည်တော်ကောင်စီနှင့်သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့်လည်းကောင်းခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။

          ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှုစုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်း‌ ဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် ၈ စီးဖြစ် ပါသည်။

နိုင်ငံတကာအလှူရှင်များမှ ၂၈-၄-၂၀၂၅ရက်နေ့မှ ၄-၅-၂၀၂၅ရက်နေ့အထိရက် သတ္တပတ်၁ပတ်အတွင်းပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘေးသင့်ပြည်သူများအတွက်ဖြန့်ခွဲပေးပို့ထားမှုကို ပူးတွဲပါ ဇယားများဖြင့်ဖော်ပြအပ်ပါသည်။

ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့်ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ပတ်လျှင်၁ကြိမ်ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR