ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကြိုကျောင်းများမှကလေးများအား မူကြိုကျောင်းဝတ်စုံထောက်ပံ့ခြင်း အခမ်းအနားကို (၂၀.၉.၂၀၂၂)ရက်နေ့တွင် အမှတ်(၁)မူလတန်းကြိုကျောင်း၊ အလုံမူလတန်းကြိုကျောင်း၊ အမှတ်(၄)မူလတန်းကြိုကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့်မိဘများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအရေးပါမှုနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ကလေးတိုင်း ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာရပ်များကို လက်လှမ်းမီရရှိနိုင်ရေး လက်ဆင့်ကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်ပေးကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး  မူလတန်းကြိုကျောင်းများမှ ကလေးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေမှ ထောက်ပံ့သည့် မူကြိုကျောင်းဝတ်စုံများအား ကလေးတစ်ဦးလျှင် (၂) စုံနှုန်းဖြင့် ကလေးတစ်ဦးချင်းသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။




နောက်ဆုံးရသတင်းများ

တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ သဲဝါကျေးရွာနှင့်ဘန်ဘွေးကျေးရွာတို့၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့်နေအိမ်နှင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား
မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာအုပ်စုနှင့် ကမ်းပြိုကျေးရွာအုပ်စုတို့၌ ရွှေလောင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှု သတင်း
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား
လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ(ဆင့်ပွား) သင်တန်းနှင့် ကလေးပြုစု စောင့်ရှောက်သူများအတွက် အသက်(၆)လမှ(၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်

MOS

DSW

DDM

DOR