၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ၈.၃.၂၀၂၅ ရက်၊ နံနက်၀၈:၀၀နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်း အမှတ် Video   Clip တို့အား   ပြသခဲ့ပါသည်။

ထို့နောက် မော်လမြိုင်သားဖွားသင်တန်းကျောင်းမှ ကျောင်းသူလေးများက “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” သီချင်းနှင့် “လက်ခတ်သံ” တေးသီချင်းကို တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင်မြို့၊ အမှတ် (၁) မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက “ပျူခေတ်အက” ဖြင့်လည်းကောင်းကပြ ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

ယင်းနောက် ဖျော်ဖြေတင်ဆက်သွားသည့် ကျောင်းသူလေးများအား မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို နံနက် ၀၉:၀၀နာရီတွင် ရုတ်သိမ်းလိုက်ပါသည်။ 

ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များမှ ခန်းမအတွင်းခင်းကျင်းပြသထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် မော်လမြိုင် (OSWSC)မှ ကျောင်းသူလေးများ၏ အိမ်တွင်းမှုထုတ်ကုန်များနှင့်မုန့်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ခင်းကျင်းထားသည့် ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။







နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR